A Good Opportunity for ..
(၁) မနက်ကျောင်းတက်ချိန်များတွင် ကလေးများအားကြိုဆို၍ အတန်းများသို့ ပို့ဆောင်ရန်အတွက်
သတ်မှတ်ထားသော နေရာများ၌တာဝန်ယူရမည်။
(၂) သင်ခန်းစာပါလုပ်ငန်းစဉ်များအတွက် လိုအပ်သော သင်ကြား၊သင်ယူမှု အထောက်အကူပြုပစ္စည်း
များကိုဆရာ၊ဆရာမများ၏ ညွှန်ကြားချက်အတိုင်း ကြိုတင်ပြင်ဆင်ရမည်။
(၃) ကလေးများအသုံးပြုသည့် သင်ထောက်ကူပစ္စည်းများအားသန့်ရှင်းရေး ပြုလုပ်ရမည်။
(၄) ကလေးများထမင်းစားချိန်တွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ
စားသောက်တက်စေရန် ကူညီဆောင်ရွက်ရမည်။ လိုအပ်ပါက ကလေးများအားထမင်းကျွေးပေး
ရမည်။
(၅) ကလေးများနေ့လယ် အနားယူအိပ်စက်ချိန်များတွင်လည်း တာဝန်ယူ ကြည့်ရှု စောင့်ရှောက်ရမည်။
(၆) ကလေးများ၏တစ်ကိုယ်ရည်ကိစ္စရပ်များကို ပါဝင်ဆောင်ရွက်ရမည်။
(၇) ကလေးများအတွက် ဘေးအန္တရာယ်ကင်း၍ နွေးထွေးလုံခြုံမှုရှိသော လေ့လာသင်ယူစရာ
များပြားသည့် သင်ယူမှုဝန်းကျင်ကောင်းကိုဖန်တီးပေးရန် သက်ဆိုင်ရာဆရာ၊ ဆရာမများနှင့်
အတူဆောင်ရွက်ရမည်။